တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီက လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသဦးစီးမှူးတွေကို ချီးမြှင့်ငွေနဲ့ စရိတ်များ တိုးမြှင့်ပေး

စစ်ကောင်စီက လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသဦးစီးမှူးတွေကို ချီးမြှင့်ငွေနဲ့ စရိတ်များ တိုးမြှင့်ပေး

Hsan Loi Editor
29/01/2026
Share:
လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ် တွေကို ၁ ထောင်ကျပ်ကနေ ၃ ထောင်ကျပ်အထိ တိုးမြှင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
May be an image of ticket stub and text that says 'J ၃။ ၃။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့ရဒေသးစီ အဖွဲ့ဝင် များ၏ ချီးမြင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ တွင် ပါရှိသော "ကျပ်တစ်သောင်း" ဆိုသည့် စကားရပ်ကို "ကျပ်နှစ်သောင်း" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။ (ပုံ) မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ယာယိသမ္မတ'
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြီး စစ်ကောင်စီရဲ့ အမျိုး သားကာကွယ်ရေးနှဲ့ လုံခြုံရေးကောင်စီက ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပြင်ဆင်သည့် ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းတာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၆ တွင် ပါရှိသော “တည်းခိုနေထိုင်စရိတ် ကျပ် ၅,၀၀၀” ဆိုသည့် စကားရပ်ကို “ကျပ် ၈,၀၀၀”အဖြစ် လည်းကောင်း၊ “အခြားအသုံးစရိတ် ကျပ် ၅,၀၀၀” ကို “ကျပ် ၇,၀၀၀” အဖြစ်လည်းကောင်း အစားထိုးရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၈ တွင် ပါရှိသော “ကျပ် တစ်သောင်း” ဆိုသည့် စကားရပ်ကို “ကျပ် နှစ်သောင်း”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမယ်လို့ ပြင်ဆင် ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။