သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီက ရွာငံမှာ တောင်ယာစိုက်ခင်းသွားရောက်လုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ထား  

စစ်ကောင်စီက ရွာငံမှာ တောင်ယာစိုက်ခင်းသွားရောက်လုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ထား  

Hsan Loi Editor
16/09/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ၊ ဓနုဒေသ၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် PDF များထံသွားရောက်ထောက် ပံ့မည်စိုး၍ စစ်ကောင်စီကဒေသခံတွေကို တောင်ယာစိုက် ခင်း သွားရောက်လုပ်ကိုင်ခွင့်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

 

“ အရင်နှစ်ကလည်း စစ်တွေဖြစ်သေနတ်သံတွေကြားနေ ရတော့ စိုက်ပျိုးရေး လဲသိပ်အလုပ်မဖြစ်ဘူး ၊ ဒီနှစ်ကျတော့လည်း စိုက်ပျိုးရာသီမှာ စိုက်ခင်းထဲမသွားရဘူးဆိုတော့ တောင်သူတွေဘဝ ဘာလုပ်စားရတော့မလဲ ကုန်စျေးနှုန်းကကြီးကြီးနဲ့” ဟု ရွာငံဒေသခံတစ်ဦးကပြော သည်။

 

စိုက်ခင်းပိုင်ရှင် တစ်ချို့ စစ်ကောင်စီနဲ့သွားရောက် ညှိ နှိုင်းခဲ့ပေမဲ့ စစ်ကောင်စီက လုံးဝလက်မခံဘူးလို့ သိရပါတယ်။

 

“ သူတို့က PDF တွေနဲ့ ဆက်သွယ်ထောက်ပံ့မှာကြောက် နေတာလေ ဒီမှာက PDF တွေပြန်အားကောင်းလာတယ် ၊ ရွာက လူတစ်ချို့ပြောတာတော့ စစ်တပ်က တောထဲသွားတဲ့ လမ်းတွေမှာ မိုင်းထောင်ထားလို့ မပေးသွားတာလို့ပြောနေကြတယ် ” ဟု ၄င်းကဆိုသည်။

 

စစ်ကောင်စီတပ်များသည် ကျေးရွာများထဲအထိတပ်စွဲ ထားသောကြောင့် ဒေသခံများအနေနှင့် အစဥ်အမြဲစိုးရိမ် ထိတ်လန့်နေရကြောင်း သိရသည်။