သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီက နောင်ချို-ကျောက်မဲလမ်းမကြီး ဂုတ်ထိပ်တံတား ပိတ်မည်ဟု သတင်းထွက်ပေါ်လာမှုကြောင့် ဒေသခံပြည်သူများစိုးရိမ်

စစ်ကောင်စီက နောင်ချို-ကျောက်မဲလမ်းမကြီး ဂုတ်ထိပ်တံတား ပိတ်မည်ဟု သတင်းထွက်ပေါ်လာမှုကြောင့် ဒေသခံပြည်သူများစိုးရိမ်

Hsan Loi Editor
20/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီး၏ အဓိက လမ်းမကြီးဖြစ်သော မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားအား ဇွန်လ (၂၀) ရက်နေ့မှစ၍ ဖြတ်သန်းခွင့်ယာယီပိတ်ထားမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။

 

“ လားရှိုးအပေါ်ဘက် နမ္မတူလမ်းပိုင်းတွေမှာ မြောင်းတွေတူးထားပြီး စစ်ကောင်စီအဖွဲ့က TNLA တွေသိမ်းပိုက်ထားတဲ့မြို့တွေဆီ ရိက္ခာတွေဖြတ်တောက်ဖို့ဖြစ်မယ်ထင်တယ် ။ အခုလည်း ဂုတ်တွင်းလမ်းကို ဇွန်လ (၂၀) ရက်နေ့ကစပြီး ပိတ်တော့မယ်တဲ့။ ရက် (၂၀) လောက်ပိတ်ထားမယ်လို့ ပြောနေကြတာပဲ အတိအကျတော့မသိရသေးဘူး။ ဒီနေ့အထိတော့ ကားအသွားအလာတွေရှိနေတုန်းပါပဲ။” ဟု နောင်ချိုမြိို့ရှိ ခရီးသည်တင်ယာဉ်ငယ်မောင်းသူတစ်ဦးကပြောပြသည်။

 

စစ်ကောင်စီက သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းမကြီးများစွာအား မြောင်းတူးပြီး ပိတ်ပစ်ခဲ့သလို ယခုရက်ပိုင်းအတွင်း TNLA တပ်စခန်းများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာသည်။ ဇွန်လ (၁၇) ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းဖြင့် TNLA အဖွဲ့ စခန်းချထားရာနေရာများ၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။