သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယမန်နေ့ သြဂုတ်လ(၁၂)ရက်နေ့ ည (၁၁း၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ခဲ့ပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများအား ဆက်လက်စုံစမ်းနေပြီး ရရှိလာသည့်အချက်အလက်များ ထပ်မံဖော်ပြပေးသွားပါမည်။