ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် မြန်မာတက္ကသိုလ်ကျောင်းသားများ ပူးပေါင်း၍ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ယနေ့ညနေပိုင်းတွင် ကန့်ကွက် ရူပ်ချကြောင်း သရုပ်ပြဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က အောက်ပါ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအား အင်းစိန်ထောင် စစ်တပ်ခုံရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် စွပ်စွဲပြီး သေဒဏ်ချမှတ်ခဲ့ပါသည်။
၁။ ကိုခန့်ဇင်ဝင်း
၂။ ကိုသူရမောင်မောင်
၃။ ကိုဇော်လင်းနိုင်
၄။ ကိုသီဟထက်ဇော်
၅။ ကိုဟိန်းထက်
၆။ ကိုသက်ပိုင်ဦး
၇။ ကိုခန့်လင်းမောင်မောင်
 
 
 
 
 
 
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည်။
Ref: လန်းနားနယူး၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/