သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီကို အပြီးတိုင်ခြေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီကို အပြီးတိုင်ခြေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
13/01/2025
Share:

 

စစ်ကောင်စီကို အပြီးတိုင်ခြေေမှုန်းသွားမယ်လို့ ယမန် နေ့က ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေး နေ့မှာ TNLA ရဲ့ သဘောထားထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လာခဲ့ပါတယ်။

 

TNLA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို ယနေ့ ဇန်နဝါရီလ(၁၃)ရက် ညနေပိုင်း(၃)နာရီဝန်းကျင်က စစ်ကောင်စီဘက်မှ လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“ကျောက်မဲတိုးဂိတ် နတ်ရေကန်ဘက်ကျတယ်ပြောတယ်၊ အဓိအကျတော့ မသိသေးဘူး” လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။

 

ငြိမ်းချမ်းရေးကုန်းဘက်မှာလည်း လာရောက်ကြဲချတယ်လို့ ကနဦးသိရပြီး ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

တံတားဦးလေတပ်ကနေ ကျောက်မဲမြို့နယ်ကို ယနေ့ ညနေ(၃း၁၅)အချိန်က Fighter Jet (၁)စီး လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ Nas−နပ်စ် ကလည်း ဖော်ပြထားပါတယ်။