သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ယနေ့ (၁၁.၂.၂၀၂၄) ရက်နေ့ ညနေ(၆:၃၀) ခန့်၌ စစ်ကောင်စီအဖွဲ့နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ပြည်ထောင်စုနေ့အကြို မီးပုံးပျံလွှတ်တင်ခဲ့ကြောင်း သိရသည်။
သို့သော် ၎င်းတို့ လွှတ်တင်လိုက်သော မီးပုံးပျံသည် တောင်ကြီးတက္ကသိုလ် အရှေ့ဘက် တောင်ကုန်းပေါ် ပျက်ကျခဲ့ပြီး လောင်ကျွမ်းခဲ့သည်ဟုဆိုသည်။ မီးပုံးပျံမီးလောင်ကျွမ်းကူးစက်မှုကြောင့် တောင်ကုန်းတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးပါ။
