တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် (၅) ရက်အတွင်း ကျေးရွာ (၆) ရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်မီးရှို့ခဲ့ဟု Indaw Revolution ဆို

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် (၅) ရက်အတွင်း ကျေးရွာ (၆) ရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်မီးရှို့ခဲ့ဟု Indaw Revolution ဆို

Hsan Loi Editor
21/12/2022
Share:

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ရွာ (၆) ရွာရှိ လူနေအိမ်များကို မီးရှို့ခဲ့ပြီး နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Indaw Revolution က ယနေ့ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဒီဇင်ဘာလ (၁၆) ရက်နေ့မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အတွင်း နေအိမ်များအပြင် စပါးကျီများပါ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင် ပါရှိသည်။ မီးရှို့ခံရသည့် ကျေးရွာများမှ ဂျုံးဂျုံးကျ ရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း၊ မအူကုန်း၊ စက်တောကုန်း ကျေးရွာများဖြစ်သည်။

ဒီဇင်ဘာလ (၁၈) ရက်ကလည်း စစ်ကောင်စီတပ်မှ ပိန်းအင်းရွာ အနီးတွင် ဒေသခံပြည်သူ (၄) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာဘုန်းကြီးကျောင်းအတွင်း မြှုပ်နှံခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အင်းတော်မြို့နယ် စက်တော်ကုန်းရွာကို စစ်ကောင်စီအင်အား (၁၀၀) ကျော်ခန့်မှ ကျေးရွာလူနေအိမ်များကို မီးရှို့ခဲ့ပြီး အိမ်ခြေ (၄၁) အိမ်နှင့် စပါးတိုက် (၃၀) မီးလောင်ပျက်စီးခဲ့ကြောင်း Indaw Revolution က ဖော်ပြခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပြီး ဖားပန်နှင့် ပင်ဝယ်ကြား တောထဲတွင်လည်း နန့်စီးအောင်မှ ဆင်းလာသည့် စစ်အင်အား (၁၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းအဖွဲ့တို့ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ (၁၆) ရက်နေ့ကစတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

credit photo & original uploader

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/