သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စက်သုံးဆီကန့်သတ်ချက်ကြောင့် အတာသင်္ကြန်ပွဲကျင်းပမှု အကျပ်အတည်းမဖြစ်စေလို ဟု စစ်ခေါင်းဆောင်ပြော

စက်သုံးဆီကန့်သတ်ချက်ကြောင့် အတာသင်္ကြန်ပွဲကျင်းပမှု အကျပ်အတည်းမဖြစ်စေလို ဟု စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
26/03/2026
Share:
မကြာမီကာလအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပဖို့ ရောက်ရှိလာတော့မှာဖြစ်ပြီး ယခုနှစ်မှာ စက်သုံးဆီကန့်သတ်ချက်တွေကြောင့် အတာသင်္ကြန်ပွဲ ကျင်းပမှုကို အကျပ်အတည်း မဖြစ်စေလိုဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။May be an image of one or more people
ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စက်သုံးဆီများဖူလုံစွာ ရရှိရေးနှင့် သုံးစွဲမှုများ စနစ်တကျ ဖြစ်စေရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောပါတယ်။
May be an image of one or more people and crowd
ယခင်နှစ်ကလည်း စစ်ကိုင်းငလျင်ကြီး ဖြစ်ပေါ်ခဲ့တာကြောင့် သင်္ကြန်ပွဲတော်ကို အကန့်အသတ်နဲ့ သာ ကျင်းပခဲ့ရပြီး ယခုနှစ်မှာလည်း စက်သုံးဆီ ကန့်သတ် ချက်ကြောင့် သင်္ကြန်ပွဲ ကျင်းပမှု အကြပ်အတည်း မဖြစ်ဖို့နဲ့ သင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲတာ များပြားမှုမရှိစေဖို့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တွေအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာသတ်မှတ်ပြီး ကျင်းပပြုလုပ်သွားမည် ဆိုပါက ပိုမိုသင့်လျော်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။
May be an image of one or more people, crowd and street
စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုတွေခက်ခဲပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီတွေကို အမှန်တကယ်အသုံးပြုတဲ့ ပြည်သူတွေလက်ဝယ်သို့ ရောက်ရှိစေဖို့၊ မှောင်ခို ရောင်းဝယ်မှုတွေ မရှိစေဖို့နဲ့ မသမာရောင်းဝယ်ပြုလုပ်နေမှုတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။
အများပြည်သူခရီးသွားလာမှု အဆင်ပြေစေဖို့အတွက်လည်း မီးရထားခရီးစဥ်တွေ နယ်မြေဒေသ အခြေအနေ အလိုက် တိုးချဲ့ပြေးဆွဲသွားမှာဖြစ်သလို မော်တော်ယာဥ်နဲ့ သွားလာရန်ခက်ခဲတဲ့ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့်မြို့တွေကို လေကြောင်းခရီးစဥ်များ ဦးစားပေးအနေနဲ့ မဖြစ်မနေ ပြေးဆွဲပေး သွားရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။
Photo – MOI