သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ငလျင်ဘေးသင့်ပြည်သူများကို RCSS/SSA မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟုသိရ

ငလျင်ဘေးသင့်ပြည်သူများကို RCSS/SSA မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟုသိရ

Hsan Loi Editor
30/03/2025
Share:

 

ငလျင်ဘေးသင့်ပြည်သူများနဲ့ ပတ်သက်ပြီး သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဝမ်းနည်းကြေကွဲကြောင်းနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ RCSS သတင်းဌာနတစ်ခုဖြစ်တဲ့ Tai Freedom မှ ယနေ့မွန်းလွဲပိုင်းမှာ ဖော်ပြထားပါတယ်။

 

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်သည် စစ်ကိုင်းမြို့နယ်၊ ရေခါးအင်းအနီးမှာ ဗဟိုပြု လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ သျှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဘာသာရေး အဆောက်အဦးများ၊ စေတီပုထိုးများ၊ အိုးအိမ်များ၊ လမ်းတံတားများ ထိခိုက်ပျက်စီးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထုအများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များစွာရှိကြောင်း သိရှိရတဲ့အတွက် RCSS/SSA အနေဖြင့် ပြည်သူလူထုအားလုံးနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။

 

ဒါကြောင့် သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) အနေဖြင့် မြေငလျင်ဒဏ်သင့် လူထုကို ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Source – Tai Freedom