သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ငလျင်ကြောင့်ပျက်စီးသွားတဲ့ လွှတ်တော်အဆောက်အဦများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တည်ဆောက်ရန်နဲ့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ညွှန်ကြား

ငလျင်ကြောင့်ပျက်စီးသွားတဲ့ လွှတ်တော်အဆောက်အဦများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တည်ဆောက်ရန်နဲ့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ညွှန်ကြား

Hsan Loi Editor
26/05/2025
Share:

 

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တည်ဆောက်ရန်နဲ့ သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်ပါတယ်။

 

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများကို ယမန်နေ့ မေလ ၂၅ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ ထိုသို့ညွှန်ကြားတာဖြစ်ပါတယ်။

 

ပျက်စီးသွားတဲ့ အမှတ်(၁)ဂိတ်အဝင်ကြိုးတံတားနှင့်မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ ပြည်သူ့ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိခန်းမဆောင်နဲ့ အမျိုးသားလွှတ်တော် အဆောက်အဦ တို့ကို သွားရောက်စစ်ဆေးခဲ့ကြတာပါ။

 

စစ်ခေါင်းဆောင်သည် ၎င်းကပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ အချိန်နီးကပ်လာလို့ လွှတ်တော်ပြန်လည် မစတင်မှီအချိန်မှာ ပြုပြင်တည်ဆောက်ရေးလုပ်ငန်း မပြီးမှာကို စိုးရိမ်ပုံရှိနေတယ်လို့ နိုင်ငံရေး လေ့လာသူအချို့က သုံးသပ်ထားပါတယ်။

 

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းမှာ အစောဆုံးကျင်းပသွားမယ်လို့ ငလျင်မလှုပ်ခင် မတ်လ ၇ ရက်နေ့က ပြောကြားခဲ့တာဖြစ်ပြီး သွားလေရာ ပြည်တွင်း/ပြည်ပ ခရီးစဉ်အတွင်းမှာလည်း ရွေးကောက်ပွဲကျင်းပရန်ကိစ္စနဲ့ ပက်သက်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခဏ ပြောလေ့ရှိပါတယ်။