သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ငယ်ငယ်ရွယ်ရွယ်နှင့် လှပသော ပန်းပုရုပ်ထုကလေးများ ဖန်တီးနိုင်သောကြောင့် ထိုင်းနိုင်ငံတဝှမ်း နာမည်ရလာသော သျှမ်းရွှေ့ပြောင်း နောင့်နွန်း (ခေါ်) နောင့်ကော်ရ 

ငယ်ငယ်ရွယ်ရွယ်နှင့် လှပသော ပန်းပုရုပ်ထုကလေးများ ဖန်တီးနိုင်သောကြောင့် ထိုင်းနိုင်ငံတဝှမ်း နာမည်ရလာသော သျှမ်းရွှေ့ပြောင်း နောင့်နွန်း (ခေါ်) နောင့်ကော်ရ 

Hsan Loi Editor
11/07/2023
Share:

 

မိခင်က ကြုံရာကျပန်း အလုပ်သမားလုပ်ပြီး သမီးဖြစ်သူ နောင့်နွန်း (ခ) နောင့်ကော်ရကို ထိုင်းအစိုးရကျောင်း ထားပါသည်။ သူမသည် အသက် ၁၀ နှစ်ဝန်းကျင်သာ ရှိသေးပြီး တာချီလိတ်မြို့နယ်တဖက်ခြမ်း ချင်းရိုင်ခရိုင်မှ ဖြစ်သည်။

 

စာသင်ကျောင်း၌ ရွှံ့မြေများကိုအသုံးပြုပြီး အနုပညာရုပ်ထုများ/ပန်းပုရုပ်ထုကလေးများ ဖန်တီးရာမှ ရုပ်ထွက်ကောင်းမွန်လှ၍ အချို့မြို့နယ်ခရိုင်များအထိ သွားရောက်ယှဉ်ပြိုင်ခွင့်ရသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း နန့်ခရိုင်ထိသွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပထမဆု ရရှိခဲ့သည်။

 

၎င်း၏ ပန်းပုပညာ လက်ရာသည် ထိုင်းတနိုင်ငံလုံးအထိ သတင်းများပြန့်နှံ့သွားခဲ့ရာ ထိုင်းနိုင်ငံ၏ နာမည်ကြီး Super 10 TV program ၏ ဖိတ်ကြားခြင်းခံရပြီး သူမ၏ အနုပညာ တီထွင်ဖန်တီးမှု/ပန်းပုရုပ်ဖန်တီးမှုကို တိုက်ရိုက်လွင့်ထုတ်လွင့်ပြသခဲ့သည်။ ကြည့်ရူ့သူ ၂.၄ သန်းနှင့်အထက် ရောက်ရှိသွားခဲ့သည်။

 

ရွှေ့ပြောင်းနေထိုင်သူများ၏ သဘောသဘာဝ ရုန်းကန်နေရသည့် ဘဝနှင့် သူမရဲ့ အံ့ဩစရာ အနုပညာဖန်တီးမှုကို မေးမြန်းရင်း TV program တင်ဆက်သူများ မျက်ရည်ကျလောက်သည်အထိ ဖြစ်သွားသည်။

 

မိခင်တဦးတည်းက ကြုံရာကျပန်းအလုပ်လုပ်ပြီး ထောက်ပံ့နေရသဖြင့် တက္ကသိုလ်ပညာရေးဆက်ရန် မဖြစ်နိုင်မည်ကို စိုးရိမ်ကြောင်း ပြောပါသည်။

 

Ref: Super 10, Super 100