သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီးရှိ ကျေးရွာများအတွင်း ယနေ့ (၁၅.၁၁.၂၀၂၃) ရက်နေ့ နေ့လည် (၁၂) နာရီကျော်ခန့်ကစတင်ပြီး စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ရဟတ်ယာဉ်များအသုံးပြုပြီး ဇီးပင်စခန်း၊ လုံကြိမ်၊ နောင်ပစ် စသည့် ကျေးရွာများအနီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်နေသည်။
ယမန်နေ့(၁၄.၁၁.၂၀၂၃) ရက်နေ့ ည(၆) နာရီခန့်မှ ည(၁၂) နာရီခန့်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက ပြောပြသည်။