သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဂုတ်တွင်းလမ်းပြန်ဖွင့်ခြင်းနှင့်အတူ ဂုတ်တွင်းအနီးတစ်ဝိုက် Atom ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြန်လည်ရရှိပြီ

ဂုတ်တွင်းလမ်းပြန်ဖွင့်ခြင်းနှင့်အတူ ဂုတ်တွင်းအနီးတစ်ဝိုက် Atom ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြန်လည်ရရှိပြီ

Hsan Loi Editor
11/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲကြောင့် လအတန်ကြာ ပိတ်ထားရသော နောင်ချို-ကျောက်မဲ ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းအား ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့က စတင်ပြီး ကားများအား ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။ ဂုတ်တွင်းလမ်းပိတ်ထားခြင်းကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းပြည်နယ်တောင်ပိုင်းသို့လည်းကောင်း၊ သျှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးသို့ သော်လည်းကောင်း သွားလာရာတွင် ပုံမှန်သွားလာနိုင်သော ခရီးကြာချိန်ထက် (၃)ဆခန့်ပိုကြာခဲ့ရသည်။

 

ယခုအခါ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့အား TNLA အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်ခဲ့ပြီဖြစ်သောကြောင့် ဂုတ်တွင်းလမ်းအား ပြန်လည်ဖြတ်သန်းခွင့်ပေးခြင်းဖြစ်သည်။

 

“ဂုတ်တွင်းလမ်းကို ဒီနေ့ (ဩဂုတ်လ ၁၀)ရက်နေ့ကစပြီးတော့ ခရီးသွားကားနဲ့ အိမ်စီးကားငယ်အချို့ကို စပြီး ဖြတ်သန်းခွင့်ပြုပြီ။ ဒါပေမယ့် ဂုတ်တွင်းထဲမှာတော့ မကြာခဏ လက်နက်ကြီးသံနှင့် လေယာဉ်သံတွေ ကြားနေရတုန်းမို့ ကားတွေတော့ သိပ်မဖြတ်ရဲကြသေးဘူး။ ဂုတ်တွင်းလမ်းကိုတော့ TNLA နဲ့ PDF တွေက ထိန်းချုပ်ထားတယ်။ ဖြတ်ရဲတယ်ဆိုရင် ဂုတ်တွင်းလမ်းကို ဖြတ်သန်းခွင့်ပေးမယ်လို့ ပြောတယ်။”ဟု ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

 

“ပြီးတော့ Atom ဖုန်းလိုင်းတွေလည်း နောင်ပိန်ရွာထဲမှာ ပြန်အသုံးပြုလို့ရနေပြီ။ အင်တာနက်လိုင်းလည်း သုံးလို့ရနေတော့ ကျောက်မဲဘက်ကလူတွေလည်း နောင်ပိန်ဘက်ကို အင်တာနက်လာသုံးကြ၊ ဖုန်းလာဆက်ကြပါတယ်။ ဖုန်းတိုင်ကို ဆီပြန်ဖြည့်ပေးဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောလိုက်တယ်လို့တော့ ပြောတယ်။ ဖုန်းလိုင်းနဲ့အင်တာနက် ပြန်ရဖို့အတွက် ဖုန်းတိုင်မှာ တစ်ရက်ကို ဆီ(၁၀)ဂါလံ ဖြည့်ရတယ်။ အခုတော့ ရွာဘက်ကလူတွေပဲ ရန်ပုံငွေတွေစုပြီး ဆီဖြည့်သုံးနေရတဲ့သဘောမျိုးပေါ့။”ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

 

ကျောက်မဲမြို့နယ် ဂုတ်တွင်းကြိုးဝိုင်းတစ်လျောက် ၃ လခန့် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများလည်း ဖြတ်တောက်ခြင်းခံခဲ့ရပြီး ယနေ့တွင် Atom ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းလည်း ပြန်လည်အသုံးပြုနိုင်နေဖြစ်ပြီကြောင်း သိရသည်။