သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းအား ယနေ့ (၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသော ကျောက်မီးသွေးကားနှင့် ဆီဘောက်ဆာအချို့အား နောင်ချိုမြို့သို့ဖြတ်သန်းခွင့်ပေးခဲ့သည်။
သို့သော် ညနေပိုင်းတွင် ဂုတ်တွင်းလမ်းအား စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပြန်လည်ပိတ်သိမ်းထားပြီဖြစ်သည်။
ဂုတ်တွင်းလမ်းသည် နောင်ချို-ကျောက်မဲ သွားလာရာတွင် အဓိကအသုံးပြုသော အဓိကလမ်းမကြီးဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ကတည်းက ပိတ်ထားရခြင်းဖြစ်သည်။