ယမန်နေ့တွင် ပုံပါ သျှမ်းမိခင်တဦးနှင့် သူမ၏ကလေးငယ် ၂ ဦး ချင်းမိုင်မြို့ ကတ်လုံဈေးတဝိုက် ရောက်ရှိနေပြီး အမျိုးသားက စွန့်ပြစ်သွား၍ မည်သို့သွားရမည်မသိကြောင်း လူမှုကွန်ယက်၌ သတင်းများ ပြန့်နှံ့နေခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မှ အဆိုပါကိစ္စကိုသိရှိသူတဦး ပြောပြချက်အရ သူမနှင့် ကလေးငယ် ၂ ဦးစလုံးကို သူမအမျိုးသားက ပြန်လာခေါ်သွားပြီးဖြစ်ကြောင်း ပြောပါသည်။
အိမ်ထောင်ရေး ကိစ္စအချင်းများရာမှ အိမ်မှထွက်လာပြီး ကတ်လုံဈေးရှိ သျှမ်းအမျိုးသမီးတဦးထံ ခတ္တခိုလုံနေခဲ့ခြင်းသာဖြစ်ကြောင်း ပြောပါသည်။
သျှမ်းပြည် မိုင်းကိုင်မြို့နယ်မှ ဖြစ်သည်ဟု သိရသည်။
