ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလုံတီရွာတွင် စစ်ကောင်စီတပ်သားများက ဒေသခံကာကွယ်ရေးတပ်သားများအဖြစ် အယောင်ဆောင်ပြီး စစ်ဘေးရှောင် (၆) ဦးနှင့် ဒေသခံပြည်သူ (၃) ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ဒေသသတင်းများကို ပြောကြားထားပါသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာလ (၇) ရက်နေ့က မင်းတပ်နှင့် ထီးလင်းနယ်စပ်ကို ဝင်ရောက်လာခဲ့ပြီး ပလုံတီရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၂) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် စစ်ကောင်စီတပ်သားများသည် ပလုံတီရွာရှိ စစ်ဘေးရှောင်နှင့်ပြည်သူ (၇)ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် အဆိုပါ ဓားစာခံ (၇) ဦးမှ (၆) ဦး အသတ်ခံလိုက်ရကြောင်း ဆလိုင်းဟာအွမ်က ပြောပြထားသည်။
သတ်ဖြတ်ခံရသည့် စစ်ဘေးရှောင်နှင့်ဒေသခံပြည်သူများ၏ အလောင်းကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး အလောင်းဖျောက်ပြစ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် နိုဝင်ဘာလ (၁၀) ရက်နေ့က ထီးလင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/