နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကိုသိမ်းပိုက်

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကိုသိမ်းပိုက်

Hsan Loi Editor
22/12/2024
Share:

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည(၁၂)နာရီခန့်တွင် မြို့တွင်းမှအကုန်စွန့်ခွာသွားကြသဖြင့် ချင်းညီနောင် စစ်ဆင်ရေး (Operation CB) မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

 

ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို ယနေ့ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် စတင်ပြီဖြစ်‌ကြောင်း ချင်းညီနောင်(CB)က ထုတ်ပြန်ထားသည်။

 

ချင်းညီနောင်အနေဖြင့် ဖလမ်းနှင့် မင်းတပ် မြို့သိမ်း တိုက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်‌‌နေ့မှာ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ယခုတခါ သေနတ်မဖောက်ဘဲ ကန်ပက်လက်မြို့ကို သိမ်းပိုက်နိုင်ကြောင်း သိရပါသည်။