သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ခရီးသွားတဦး ဒွန်းမိန်းလေဆိပ် စက်လှေကားလျှောက်လမ်းပေါ် မတော်တဆဖြစ်ပြီး ခြေထောက်အောက်ပိုင်းတဖက် ဆုံးရူံး

ခရီးသွားတဦး ဒွန်းမိန်းလေဆိပ် စက်လှေကားလျှောက်လမ်းပေါ် မတော်တဆဖြစ်ပြီး ခြေထောက်အောက်ပိုင်းတဖက် ဆုံးရူံး

Hsan Loi Editor
30/06/2023
Share:

 

အမျိုးသမီးခရီးသည်တဦး ထိုင်းနိုင်ငံ၊ ဗန်ကောက်က ဒွန်းမိန်း နိုင်ငံတကာလေဆိပ်အတွင်း စက်လှေကားလျှောက်လမ်းပေါ်တွင် မတော်တဆဖြစ်ကာ ဘယ်ခြေအောက်ပိုင်း ဆုံးရူံးသွားကြောင်း ထိုင်းသတင်းများက ယနေ့ ဖော်ပြခဲ့ကြပါသည်။

 

၎င်း၏ ခရီးဆောင်လက်ဆွဲသေတ္တာကို ခလုတ်တိုက်မိပြီး ဘယ်ခြေအောက်ပိုင်း စက်လှေကားလျှောက်လှမ်းထဲညှပ်ပါသွားခြင်းကြောင့်ဟု သိရသည်။

 

ယမန်နေ့နံနက် ၈း၃၀ ခွဲဝန်းကျင် ဂိတ် ၄ နှင့် ဂိတ် ၅ ကြားရှိ စက်လှေကားလျှောက်လမ်းပေါ်၌ မတော်တဆဖြစ်ပွားခဲ့၍ ဘယ်ခြေအောက်ပိုင်း ဆုံးသွားခဲ့ရကြောင်း လေဆိပ်မန်နေဂျာ Karant Thanakuljeerapat က ဘန်ကောက်ပို့်စ်ကို ဖြေကြားထားသည်။

 

အဆိုပါအမျိုးသမီးသည် ဗန်ကောက်မှ နခွန်းဆီထမရတ်လေဆိပ်သို့ သွားမည့် ခရီးသည်ဖြစ်သည်ဟုသိရသည်။

 

ယင်းစက်လှေကားလျှောက်လမ်းများ ၂၀ နီးပါးရှိပြီး ဂျပန်ကုမ္ပဏီ Hitachi က ၁၉၉၆ ခုနှစ်၌ တပ်ဆင်ပေးခဲ့သော စက်လှေကားလျှောက်လမ်းများဖြစ်သည်။

 

ဆေးကုသစရိတ်အတွက် လေဆိပ်မှ အပြည့်အဝတာဝန်ယူပေးသွားမည်ဖြစ်ပြီး ဖြစ်ပွားရသည့်အကြောင်းအရင်းကိုလည်း အသေးစိတ် စိစစ်သွားမည်ဟု သိရသည်။

Ref: Bangkok post, Khasod, Matichon