လာမည့် ၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့၊ တနင်္ဂနွေနေ့ နံနက် ၁၁ နာရီအချိန်တွင် သျှမ်းပြည်၊ သီပေါမြို့နယ်ရှိ ဝတ့်ဆွန်ထမ်း မဟာဒေဝီကျောင်းခမ်းကျောင်းတိုက်၌ သီပေါမြို့နေ စော်ဘွား၏ ဆွေမျိုးမိဘများစုပေါင်း၍ သံဃာဆွမ်းကပ်ကာ ရေစက်ချ အမျှပေးဝေမည်ဖြစ်ကြောင်း သိရပါသည်။
၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သီပေါစော်ဘွားလေး စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်သုစန္ဒီ Inge Sargent သက်တော် (၉၁) နှစ် သည် သူနေထိုင်ရာ အမေရိကန်ပြည်ထောင်၌ (နတ်ရွာစံ) ကွယ်လွန်သွားခဲ့ပါသည်။