သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကွန်ဟိန်းမှာကုန်စုံဆိုင်ဓါးပြတိုက်ခံရပြီးအမျိုး သားတစ်ဦးအသတ်ခံရ 

ကွန်ဟိန်းမှာကုန်စုံဆိုင်ဓါးပြတိုက်ခံရပြီးအမျိုး သားတစ်ဦးအသတ်ခံရ 

Hsan Loi Editor
06/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ကွန်ဟိန်းမြို့နယ် ၊ရပ်ကွက် (၂) မှာရှိတဲ့ ကုန်စုံဆိုင်တစ်ခုမှာ ဇန်နဝါရီ ၅ ရက် ၊ ညနေခင်း ၅ နာရီအချိန်ခန့်က ဓါးပြတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်ခတ် အသတ်ခံရတယ်လို့ စုံစမ်းသိရ ပါတယ်။

 

“ မျက်နှာ အုပ်ထားတဲ့ ယောကျ်ားလေး ၃ ယောက်ဆိုင်ထဲကိုဝင်လာတာ သမီးဖြစ်သူကို သေနတ်နဲ့ချိန်ပြီး နင်တို့ရွှေငွေတွေ ဘယ်မှာထားလဲလို့မေးတယ် ၊ သူ့သမီးကလည်း အိမ်ထဲက အဖေဖြစ်သူဆီခေါ်သွားတာ အာ့မှာ သူ့အဖေကို ဓားပြ ၃ ယောက်က သူတို့အိမ်နောက်ဖက်က ဆန် စက်ဆီခေါ်သွားပြီး နားထင်ကိုသေနတ်နဲ့ပစ်သတ်သွားတာ ရွှေငွေတွေလဲပါသွားတယ် ” လို ကွန်ဟိန်း ဒေသခံတစ်ဦးကအတည်ပြုပြောပါတယ်။

 

ဓါးပြဝင်တိုက်တဲ့ အမည်မသိအမျိုးသား ၃ ဦးဟာ crown အမျိုးအစား အိမ်စီးကားနဲ့ရောက်လာတာဖြစ်ပြီး

မျက်နှာဖုံးတွေစည်းထားလို့ မည်သူမည်ဝါမှန်းမသိရတဲ့အပြင် အသတ်ခံရသူမိသားစု ရဲ့ဆိုင်နဲ့ အိမ်မှာတပ်ဆင်ထားတဲ့ CCTV တွေကိုပါ ဖြုတ်ယူသွားတယ်လို့ သိရပါတယ် ။

 

” ဘယ်နေရာမှ မလုံခြုံတော့ဘူး ကွန်ဟိန်းလဲ အရင်ကမဖြစ်ဖူးတာတွေကြုံနေရပြီး ညနေက အဲ့ဒီသတင်းကြောင့်

မြို့က ကုန်စုံဆိုင်တွေလည်းကြောက်ပြီး ပိတ်ကုန်တယ် ၊ သတိနဲ့နေကြဖို့ မပေါ့ဆကြဖို့တော့လိုနေပြီ ” လို့ မြို့ခံကပြောပါတယ် ။

 

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်း သျှမ်းပြည်နယ်အပါအဝင် နိုင်ငံနဲ့တစ်ဝှမ်းမှာ ခိုး ဆိုး လု နှိုက် ဒုစရိုက်ဖြစ်စဥ်များ ပိုမိုကျယ်ပြန့်လာတာဖြစ်ပါတယ် ။