သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကွန်ဟိန်းမြို့နယ်ထဲက RCSS တပ်ဖွဲ့များကို SSPP ၁၀၀ ခန့် လာရောက် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်ကုန်ကြ 

ကွန်ဟိန်းမြို့နယ်ထဲက RCSS တပ်ဖွဲ့များကို SSPP ၁၀၀ ခန့် လာရောက် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်ကုန်ကြ 

Hsan Loi Editor
02/03/2023
Share:

 

ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီမှစပြီး မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ထိ SSPP တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်က သျှမ်းတောင် ကွန်ဟိန်းမြို့၊ နမ့်တွတ်ဝန်းကျင်ရှိ RCSS တပ်ဖွဲ့ဝင်များကို လာရောက် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Tai Freedom စာမျက်နှာကတဆင့် သိရသည်။

 

“ ကွန်ဟိန်းမြို့နယ်က RCSS အခြေစိုက်ထားတဲ့နယ်မြေဒေသတခုဖြစ်ပါတယ်၊ သူတို့ဘက်က နယ်မြေထိုးဖောက်လာတာပါ” ဟု ဗိုလ်မှူး စိုင်းခမ်းစံက Hsan Loi Voice ကို ပြောပါသည်။

 

နမ့်တွတ်ရွာခံ မည်မျှထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းမေးမြန်းကြည့်ရာ နယ်မြေခံအချို့နှင့် ဆက်သွယ်၍ မရသေးကြောင်း ကွန်ဟိန်းမြို့ခံ တဦးက ပြောပါသည်။