ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ကွတ်ခိုင်မှာ မဟာမိတ်အဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့ နှစ်ဖက် တိုက်ပွဲဖြစ်

ကွတ်ခိုင်မှာ မဟာမိတ်အဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့ နှစ်ဖက် တိုက်ပွဲဖြစ်

Hsan Loi Editor
19/03/2026
Share:
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
May be an image of fog and oil refinery
ဒီကနေ့ မတ်လ ၁၄ ရက် နံနက် ၁၀ နာရီကျော်အချိန်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ စတင်ထွက်ပေါ်နေပြီး ကိုးကန့်တပ်ဘက်က ဒရုံးအသုံးပြုကာ တအာင်းတပ် ရှိရာနေရာကို စတင် တိုက်ခိုက်နေတာလို့ ဒေသတွင်းသတင်းရင်းမြစ်အရ သိရပါတယ်။
May be an image of one or more people
ကွတ်ခိုင်မြို့နားက မန့်ပြိန်းအထက်မှာရှိတဲ့ TNLA တပ်စခန်းကို MNDAA က ဒရုံးနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး TNLA က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတာလို့ ဆိုပါတယ်။
May be an image of one or more people and text that says 'STATE LIBER ิ PSLF/ LF/TNLA News lews&Information & Information Department'
ယခုလို ညီနောင်မဟာမိတ်တပ်အချင်းချင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာမှုအပေါ် ဒေသခံ ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်စကပြီး ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA ရဲ့ ရုံးတွေကို TNLA က ဝင်ရောက်စီးနင်းခဲ့ကာ ကိုးကန့်တပ်ဖွဲ့ကို မြို့ပြင်ဘက်သို့ အင်အားသုံး ဖယ်ရှားခဲ့တဲ့ ဖြစ်စဥ်ကစခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ တင်းမာမှုဖြစ်ပွားကာ ယခုလို ပစ်ခတ်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ကွတ်ခိုင်မှာ ဖြစ်တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ဖက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။