သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကွတ်ခိုင်မြို့အား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးသူရှိနိုင်

ကွတ်ခိုင်မြို့အား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးသူရှိနိုင်

Hsan Loi Editor
01/11/2024
Share:

 

TNLA ထိန်းချုပ်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အား ယနေ့ နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၃:၃၀) ဝန်းကျင်ခန့်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်က ပေါင်-၅၀၀ ဗုံးဖြင့် ၃ ကြိမ်ကြဲချခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီဂျက်ဖိုက်တာလေယာဉ်သည် နံနက် ၃ နာရီ ၃၀ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၃ နာရီ ၃၄ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၃ နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် ဗုံးကြဲချခဲ့ခြင်းဖြစ်ကာ ကွတ်ခိုင်မြို့ ရပ်ကွက်(၃) ၊ မြို့အထွက် တိုးဂိတ်၊ ဆေးရုံ၊ မီးသတ်ရုံးနှင့် အခွန်ရုံးတို့၌ ကျရောက်ပေါက်ကွဲခဲ့သည်။

 

ပေါင် ၅၀၀ အပြင် လေယာဉ်ဗုံးဖြင့် ၁၃ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းရရှိသည်။