ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကွတ်ခိုင်မြို့နယ်တွင် TNLA လက်အောက်ခံမဟုတ်သော စာသင်ကျောင်းများ၌ ကျောင်းသား/သူများရော ဆရာ/မပါ TNLA က ကျောင်းဝင်းအတွင်းဝင်ရောက်ခွင့်ပိတ်ပင်

ကွတ်ခိုင်မြို့နယ်တွင် TNLA လက်အောက်ခံမဟုတ်သော စာသင်ကျောင်းများ၌ ကျောင်းသား/သူများရော ဆရာ/မပါ TNLA က ကျောင်းဝင်းအတွင်းဝင်ရောက်ခွင့်ပိတ်ပင်

Hsan Loi Editor
25/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စုရှိ KIO ၏ ပညာရေးစနစ်ဖြင့် ယခု(၂၀၂၄/၂၅)စာသင်နှစ်တွင် ကျောင်းဖွင့်နေသော စာသင်ကျောင်းအား TNLA က အင်အားအလုံးဖြင့် ဝင်ရောက်ပြီး စာသင်ကျောင်းအား ပိတ်ပစ်ခဲ့ကြောင်း သိရသည်။ TNLA တပ်သား (၄၀)ဦးခန့် ယမန်နေ့ ဇွန်လ (၂၃)ရက်နေ့ နံနက်(၉း၃၀)နာရီခန့်က စာသင်ကျောင်းအတွင်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ခဲ့ပြီး ဆရာ/မများ၊ ကျောင်းသား/သူများအား ကျောင်းပြင်ပသို့ မောင်းထုတ်ပြီး “သတိ တာဝန်ရှိသူမှအပ မဝင်ရ၊ ထိရောက်စွာ အရေးယူမည်”ဟူသော ဆိုင်းဘုတ်ချိတ်ပြီး ကလေးများစာသင်ခွင့်အား ပိတ်ပင်ခဲ့သည်။

 

ကျောင်းဝင်းအတွင်း စိုက်ထူထားသော ကချင်အလံကိုလည်း ဆွဲဖြုတ်သွားခဲ့ပြီး ကျောင်းဝင်းတံခါးကိုလည်း ကြက်ခြေခတ်သွားခဲ့သည်ဟုဆိုသည်။ နံနက်ပိုင်းတစ်ပိုင်းလုံး ကျောင်းသား/သူများအနှင့် ဆရာ/မများက ကျောင်းဝင်းအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရှိရန် ကျောင်းရှေ့၌ စောင့်ဆိုင်းနေခဲ့သော်လည်း ဝင်ခွင့်လုံးဝမပေးတော့ခြင်းဖြစ်သည်။

 

ကာလိုင်ကျောင်းသည် အလယ်တန်းအဆင့်ရှိ ကျောင်းတစ်ကျောင်းဖြစ်ပြီး KIO က အဓိက ဦးဆောင်ဖွင့်လှစ်ထားသောကျောင်းဖြစ်ကာ ဒေသခံ ကျောင်းသား/သူ (၂၀၀)ဦးကျော်ခန့်ရှိသော စာသင်ကျောင်းဖြစ်သည်။

 

ဒါ့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၅)ရှိ အထက(ခွဲ) လ-၂ ကျောင်းအား ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကွတ်ခိုင်မြို့ ကြားကာလအုပ်ချုပ်ရေးတာဝန်ယူဆောင်ထားသော TNLA ၏ ပညာရေးဌာနဖြစ်သော TLEC ထံ ကျောင်းအသုံးပြုခွင့် လျောက်ထားမှုတွင်လည်း အသုံးပြုခွင့်မပေးကြောင်း ဇွန်လ (၂၂)ရက်တွင် TNLA က အကြောင်းပြန်ခဲ့သည်။

 

ကွတ်ခိုင်မြို့နယ်တွင် ယခင်က KIA ၏ ဆက်ဆံရေးရုံးဖွင့်လှစ်ထားမှုကို TNLA က ဖယ်ရှားခိုင်းခဲ့ဖူးသည်။ မကြာသေးခင်ကာလကည်း TNLA နှင့် KIA တပ်သားများ နယ်မြေဖြတ်သန်းသွားလာမှု အငြင်းပွားသည့် ရုပ်သံ ပျံ့နှံ့ခဲ့သေးသည်။ ယခုအခါ ကလေးများ၏ ပညာသင်ကြားမှုကို ကန့်သတ်လာသည်မှာ သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း TNLA နှင့် KIA အကြား ပဋိပက္ခ ပိုမိုကြီးထွားလာနိုင်သည်ဟု သုံးသပ်ရသည်။