တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအားနင်းမိပြီး ကျွဲရှာသည့် အမျိုးသား တစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရဟုဆို

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအားနင်းမိပြီး ကျွဲရှာသည့် အမျိုးသား တစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရဟုဆို

Hsan Loi Editor
06/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင် နေထိုင်သည့် အသက်(၂၅)နှစ်အမျိုးသားတစ်ဦးသည် အောက်တိုဘာလ(၃)ရက် ညနေပိုင်းက ၎င်း၏ ကျွဲများလိုက်ရှာ‌နေစဥ် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

 

မိုင်းနင်းမိသော ထိုနေရာသည် ယခင် စစ်ကောင်စီ ၏ အမြောက်တပ် တပ်စွဲထားသည့်နေရဖြစ်ကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုကြောင့် ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး ၎င်း၏ ဘယ်ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တို့တွင်လည်း မိုင်းစ အများအပြားထိမှန်ဒဏ်ရာရရှိကာ ကွတ်ခိုင်ပြည်သူဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်နေ့ကလည်း ကွတ်ခိုင်မြို့ အမှတ်တရကျောက်တိုင်အနီး ပျားသွားဖွတ်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ကြောင်း သိရသည်။