သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကွတ်ခိုင်ကတရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းပေါ်ကို စစ်ကောင်စီဗုံးကြဲ ပြည်သူ(၃)ဦးသေဆုံးပြီး (၁၆) ဦးဒဏ်ရာရ

ကွတ်ခိုင်ကတရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းပေါ်ကို စစ်ကောင်စီဗုံးကြဲ ပြည်သူ(၃)ဦးသေဆုံးပြီး (၁၆) ဦးဒဏ်ရာရ

Hsan Loi Editor
19/11/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့ ရပ်ကွက်(၄)

မှာ ရှိိတဲ့ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းပေါ်ကို စစ်ရေးသက်ဆိုင်ခြင်းမရှိပဲစစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့ညသန်းခေါင်ယံချိန်ပေါင် (၅၀၀)ဗုံးတစ်လုံးကြဲချခဲ့တယ်လို့ လားရှိုးမြို့ပြန် လည်ထူထောင်ရေးကသတင်းထုတ်ပြန်ထားပါတယ် ။

 

စစ်ကောင်စီဗုံးကြဲမှုကြောင့် ပြည်သူ(၃)ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရရှိတဲ့အနက် ၇ ဦးက စိုးရိမ်ရတဲ့အခြေအ နေမှာ ရှိနေပြီးအတွင်း လူနာအဖြစ်ဆေး ကုသခံယူနေရတယ်လို့ သိရပါတယ် ။

 

အဲ့ဒီဗုံးပေါက်ကွဲမှုကြောင့် ဘုရားကျောင်းဝန်းအတွင်းရှိအဆောက်အဦး၆ခုပြိုကျပျက်စီးတဲ့အပြင်နေအိမ်တချို့လည်းပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။

 

အမျိုးသမီး(၂)ဦးနဲ့တစ်နှစ်အောက် ကလေးငယ် (၁)ဦးသေဆုံးပြီး အမျိုးသမီး (၉)ဦး အမျိုး သား ၇ဦး စုစုပေါင်း ၁၆ဦးဒဏ်ရာရရှိခဲ့တာပါ ၊ အဲထဲမှာအသက်‌ ၇၀ကျော် သက်ကြီးရွယ်အိုအဖိုးတစ်ဦးနဲ့ အသက် ၆နှစ်ကျော်ကလေးငယ်တစ်ဦးအပါအဝင် ၇ဦးဟာ လက်ရှိဆေးရုံမှာ စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ် ။

 

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားပြီးလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကိုတွေ့ရတယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးကသတင်းထုတ်ပြန်ထားပါတယ် ။