သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရှိ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံကို စစ်ကောင်စီခန့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လစ်ပေးခဲ့ 

ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရှိ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံကို စစ်ကောင်စီခန့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လစ်ပေးခဲ့ 

Hsan Loi Editor
15/03/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းရူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ၌ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံဖွင့်လစ်ပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ရေးသားထုတ်ဝေခဲ့ပြီး ပြန်ကြားရေးက ယမန်နေ့မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

 

ဖွင့်ပွဲတွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က ဝမ်ဟိုင်းဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓါတ်အားခွဲရုံကြီးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓါတ်အားလိုင်း ၄၀၀ ဗို့ဓါတ်အားလိုင်းနှင့် ဖြန့်ဖြူးရေး ထရန်စဖော်မာများ တည်ဆောက်ပေးထားပြီးဖြစ်၍ လာမည့်ဘဏ္ဍာနှစ်တွင် ကျန်ရှိနေသေးသည့် ကျေးရွာများအထိ ချိတ်ဆက်ဓါတ်အားဖြန့်ဖြူးပေးနိုင်အောင် စီမံကိန်းများ ဆက်လက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဟု ရေးသားဖော်ပြထားသည်။

 

ဝမ်ဟိုင်းဒေသခံတဦးကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်ဟုဆိုသည်။