သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၂၂)ဦးသေဆုံးပြီး (၃၀)ဦးဒဏ်ရာရရှိကာ ဒေသခံပြည်သူ(၃၀၀၀)နီးပါး စစ်ဘေးရှောင်နေရ

ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၂၂)ဦးသေဆုံးပြီး (၃၀)ဦးဒဏ်ရာရရှိကာ ဒေသခံပြည်သူ(၃၀၀၀)နီးပါး စစ်ဘေးရှောင်နေရ

Hsan Loi Editor
30/06/2024
Share:

 

စစ်ကောင်စီနှင့် တအာင်း TNLA တပ်တို့ တိုက်ပွဲ ကြောင့် ဇွန်လ(၂၅)ရက်မှ ဇွန်လ(၂၉)ရက်အထိ မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၂)ဦး သေဆုံးပြီး (၃၀)ဦး ဒဏ်ရာရရှိကာ ဒေသခံပြည်သူ (၃၀၀၀)နီးပါး စစ်ဘေးရှောင်နေရကြောင်း TNLA မှ ထုတ်ပြန်ထားပါသည်။

 

တိုက်ပွဲအတွင်း အရပ်သားနေအိမ်နှင့် အရပ်သား ပြည်သူများ တည်ရှိရာနေရာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဦးတည်ပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒါ့အပြင် နောင်ချိုမြို့ (ကံ့ကော်)ဘုန်းကြီးကျောင်းပေါ် သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၆ လုံး လာရောက်ကြဲခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်များထိခိုက် ပျက်ဆီးခဲ့သလို မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ဘုရားငါးဆူကျောင်းလည်း ဗုံးကျဲထိခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။