ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် အရှင် ဘဒ္ဒန္တကလျာဏဝံသ ပျံလွန်တော်မူခြင်း (၅) နှစ်ပြည့် အောင့်မေ့ပူဇော်ပွဲကျင်းပ

ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် အရှင် ဘဒ္ဒန္တကလျာဏဝံသ ပျံလွန်တော်မူခြင်း (၅) နှစ်ပြည့် အောင့်မေ့ပူဇော်ပွဲကျင်းပ

Hsan Loi Editor
06/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက် ရွှေကျင်ကျောင်းတိုက် ဆရာတော် အရှင် ဘဒ္ဒန္တကလျာဏဝံသ ပျံလွန်တော်မူခြင်း (၅) နှစ်ပြည့် အောင့်မေ့ပူဇော် ဆုတောင်းခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ ည (၆) နာရီတွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ဆရာတော်သည် ၂၀၁၈ ခုနှစ်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံမှုကြောင့် ပျံလွန်တော်မူခြင်းဖြစ်သည်။ ဆရာတော်သည် ကျောက်မဲမြို့ နမ့်ခုံးပရဟိတ လူမှုကူညီ‌ရေးအသင်း၏ နာယက တစ်ဦးလည်းဖြစ်သလို သျှမ်းတိုင်းရင်းသားပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ပါဝင်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။

အရှင် ဘဒ္ဒန္တကလျာဏဝံသ ပျံလွန်တော်မူချိန်တွင် သက်တော် (၄၆) ဝါတော် (၂၇) ဝါဖြစ်သည်။ ယနေ့ညတွင်ပြုလုပ်သော ဆုတောင်းပွဲတွင် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နမ့်ခုံးပရဟိတ လူမှုကူညီရေး အဖွဲ့ဝင်များ၊ သံဃာတော်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။