သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက်၌ သေဆုံးနေသော အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ

ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက်၌ သေဆုံးနေသော အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ

Hsan Loi Editor
25/01/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၁) ရပ်ကွက် ၆၂၆ ဂိုဒေါင်ဝင်းအတွင်း သေဆုံးနေသောအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

“ ဒီမနက်မှ အဲ့နားမှာနေတဲ့သူတွေက ကျနော်တို့ကို အကြောင်းကြားလာတာပါ။ ၆၂၆ ဂိုဒေါင်နားမှာ သေနေတဲ့အလောင်းတစ်လောင်းတွေ့တယ်ဆိုလို့ ကျနော်တို့အသင်းကသူတွေနဲ့ အလောင်းကိုသွားသယ်ပြီး ကျောက်မဲဆေးရုံ ရင်ခွဲဌာနကို ပို့ပေးခဲ့တယ်။ သေတဲ့သူတော့ ဘယ်သူလဲဆိုတာအခုထိမသိရသေးဘူး။ အခုက အရမ်းအေးနေတဲ့ရာသီဆိုတော့ အအေးပတ်ပြီးသေတာလား မူးယစ်ဆေးကြောင့်လားဆိုတာ သေချာတော့မသိဘူး။” နမ့်ခုံး သျှမ်းများပရဟိတအသင်း ကျောက်မဲမှ အဖွဲ့ဝင်တစ်ဦးကပြောပြသည်။

သေဆုံးနေသော အဆိုပါအမျိုးသားအလောင်းကို ကျောက်မဲ နမ့်ခုံးသျှမ်းများပရဟိတအသင်းက သွားရောက်သယ်ဆောင်ပြီး ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


credit & original uploader