ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာက ပြောင်းဖူးချိုးရန်သွားသော အမေနှင့်သမီးဖြစ်သူနှစ်ဦးစလုံး ဓားခုတ်ခံရပြီးသေဆုံး

ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာက ပြောင်းဖူးချိုးရန်သွားသော အမေနှင့်သမီးဖြစ်သူနှစ်ဦးစလုံး ဓားခုတ်ခံရပြီးသေဆုံး

Hsan Loi Editor
17/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာတွင် နေထိုင်သော ဒေါ်နန်းခမ်းရွှေ (၄၅) နှင့် သမီးဖြစ်သူ နန်းမိုခမ်း (၂၃) နှစ်သည် ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းခန့်၌ တောယာခုတ်သွားနေစဉ်အတွင်း ဓားခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်

ပိန်)၏ ဖော်ပြထားမှုအရ သမီးဖြစ်သည် နံနက်

အစောပိုင်းကစပြီး တောင်ယာသို့ ပြောင်းချိုးသွားခဲ့ကြောင်း နောက်တစ်နာရီခန့်အကြာ အမေဖြစ်သူက ထမင်းဟင်းချက်ပြုတ်ပြီး တောင်ယာသို့လိုက်သွားခဲ့သည်ဟုဆိုသည်။ နေ့လည်(၁၁) နာရီတွင် ဒေါ်နန်းခမ်းရွှေ၏ အမျိုးသားဖြစ်သူက တောင်ယာသို့လိုက်သွားချိန် သမီးဖြစ်သူနှင့် ဇနီးဖြစ်သူ ဓားဖြင့် ခုတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသမီး(၂)ဦးကို ဓားဖြင့်ခုတ်သတ်သွားသော တရားခံအား ရှာဖွေနေဆဲဖြစ်ပြီး (၂) လောင်းပြိုင်လူသတ်မှုဖြစ်ပွားသော ဒေသသည် SSPP/SSA အဖွဲ့၏ လှုပ်ရှားရာဒေသဖြစ်ကြောင်း သတင်းရရှိသည်။