ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-နောင်ချို လမ်းမကြီး ကျောက်မဲရေကန်စားသောက်ဆိုင်တန်းအကျော် တံတားအကွေ့၌ Light Truck ကားတစ်စီး မတော်တဆလမ်းချော်ပြီး ချောက်ထဲသို့ တိမ်းမှောက်ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ (၄) ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ထိုအထဲတွင် ကလေးငယ် (၂) ပွန်းပဲ့ဒဏ်ရာရရှိခြင်း၊ အမျိုးသမီးတစ်ဦး ညှက်ရိုးကျိုးခြင်း၊ နောက်အမျိုးသမီးတစ်ဦး ခါးရိုးနှင့်ခြေကျင်းဝတ်ရိုး ဒဏ်ရာရရှိခြင်းနှင့်အမျိုးသားတစ်ဦး ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
၎င်းတို့ကို အနီးဆုံးရှိ ဆေးရုံများထံ ဒေသတွင်း လူမှုကူညီရေးအသင်းများက ပို့ဆောင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
Photo credit & ကမ်းလင့်လက်လူမှုကူညီရေးအသင်း