သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ ရထားသံလမ်းအကွေ့၌ ၁၂ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမားပွဲချင်းပြီး သေဆုံး

ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ ရထားသံလမ်းအကွေ့၌ ၁၂ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမားပွဲချင်းပြီး သေဆုံး

Hsan Loi Editor
10/08/2023
Share:

 

ယမန်နေ့ ဩဂုတ်လ(၉) ရက်နေ့ ညနေ (၅:၁၅) ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ ရထားသံလမ်းကူးအကွေ့၌ ဆိုင်ကယ်နှင့် ၁၂ ဘီးကား မတော်တဆတိုက်မိခဲ့ကြောင်း သိရသည်။

 

မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသူသည် ကားဘီးအောက်သို့ရောက်ရှိသွားပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

 

“ ကျနော်တို့ ကမ်းလင့်လက်လူမှုကူညီရေးအသင်းကို (၅) နာရီကျော်ကျော်လောက်မှာ ခိုက်တုန်ဟုန်းရွာက ရွာသားတစ်ဦးက ကားနဲ့ဆိုင်ကယ်တိုက်မိလို့ အကြောင်းကြားလာလို့ ချက်ချင်း ကူညီနိုင်ဖို့ လူနာတင်ယာဉ်(၂) စီး တခါတည်းသွားခဲ့တယ်။ ဟိုကိုရောက်သွားတဲ့အချိန် ဆိုင်ကယ်စီးသမားက ကားဘီးအောက်ရောက်ပြီး အဲ့နေရာမှာပဲ သေနေပြီ။ အဲ့ဒါကြောင့် သူ့အလောင်းကိုဆွဲထုတ်ပြီး ကျောက်မဲမြို့နယ် ဆေးရုံက ရေခဲတိုက်ကိုပို့ဆောင်ပေးခဲ့ပါတယ်။” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက ဆိုသည်။

 

သေဆုံးသူသည် မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းအုပ်စု ဘီးဇာတ်ကုန်းကျေးရွာတွင် နေထိုင်သူ မောင်မျိုးလှိုင်ဝင်းဖြစ်ကြောင်း ၎င်း၏မှတ်ပုံတင်အရ သိရသည်။