သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများလဲကျ

ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများလဲကျ

Hsan Loi Editor
10/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ယမန်နေ့ (၉.၅.၂၀၂၄) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ မိုးနှင့်လေအတူ မိုးသီးများပါ ကျခဲ့ပြီး သစ်ပင်ကြီးအချို့ လဲကျခဲ့သည်။

“ မနေ့ညက ကျောက်မဲမြို့နယ် စခန်းသာကျေးရွာနတ်စင်နားက အပင်ကြီးတွေ လမ်းပေါ်လဲကျပြီး ကားလမ်းတွေပိတ်ကုန်တယ်။ မိုးရော လေရော မိုးသီးတွေပါကျတာလေ မနေ့ညတုန်းကမိုးအရမ်းရွာတာလေ။ ဒီမနက် ပရဟိတအဖွဲ့တွေနဲ့ရွာသားတွေ စုပြီး လဲကျနေတဲ့သစ်ပင်ကို ခုတ်ရှင်းပြီးလို့ (၉) နာရီလောက်မှာ လမ်းပြန်ပွင့်သွားပါပြီ။” ဟု ကျောက်မဲမြို့နယ် လူမှုကူညီရေးလုပ်ငန်း ပါဝင်လုပ်ဆောင်နေသူတစ်ဦးကပြောပြသည်။

မိုးနှင့်အတူ လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်မဲ-နောင်ချိုလမ်းပေါ်ရှိ အပင်ကြီးအချို့လဲကျမှုကြောင့် လမ်းပိတ်ခဲ့ပြီး ယနေ့နံနက်(၉)နာရီတွင် လမ်းပြန်ပွင့်ပြီဖြစ်သည်။