တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့နယ်ရှိ SSPP/SSA တပ်စခန်းအနီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကျောက်မဲမြို့နယ်ရှိ SSPP/SSA တပ်စခန်းအနီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
12/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းအနီးရှိ လွယ်ရင်တောင်ကို စစ်တက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
May be an image of lumberyard
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေး ရွာအနီးရှိ လွယ်ရင်တောင်တွင် စစ်တပ်က ပေါင် ၂၅၀ ဗုံး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းနဲ့ မီတာ(၉၀)ခန့် အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်စခန်းစည်းရိုးအချို့ ဗုံးစ အနည်းငယ် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
May be an image of tree
ဆက်လက်ပြီး စစ်တပ်က ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ပေါင် ၂၅၀ ဗုံး တစ်လုံးနဲ့ ယင်းနေ့ နေ့လည်ပိုင်းတွင် ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ ဇရပ်ဆောင် တစ်ဆောင် ၊ ချက်ပြုတ်ဆောင်တစ်ဆောင် အပါအဝင် ကျောင်းအနီးနားရှိ ဒေသခံပြည်သူ နေအိမ် တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က နောင်ချိုနဲ့ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ် စတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာပြီး အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများ များစွာရှိကြောင်း သိရပါတယ်။