သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နယ်ရှိတောင်ကျရေတွင် ရေချိုးပါက ရောဂါပျောက်ကင်းစေနိုင်သည်ဟူသော ကောလာဟလကြောင့် ဒေသခံများ အလုအယက်ရေသွားချိုးနေ

ကျောက်မဲမြို့နယ်ရှိတောင်ကျရေတွင် ရေချိုးပါက ရောဂါပျောက်ကင်းစေနိုင်သည်ဟူသော ကောလာဟလကြောင့် ဒေသခံများ အလုအယက်ရေသွားချိုးနေ

Hsan Loi Editor
16/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာတွင် နတ်ရေစင်ဟုဆိုကာ တောင်ကျရေတစ်နေရာတွင် လူစုလူဝေးဖြင့် ရေသွားချိုးကြသည့်ဒေသခံများဖြင့် စည်ကားလျက်ရှိသည်။

 

“ ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာက တောင်ကျရေ စိမ့်စမ်းရေတစ်ခုပါ။ ရေထွက်ပေါက် (၇) ခုလောက်ရှိပြီးတော့ အဲ့မှာနေ့တိုင်းရေသွားချိုးတဲ့သူတွေအများကြီးရှိတယ်။ ဘယ်သူကစပြီး လျောက်ပြောလိုက်တယ်မသိပါဘူး အဲ့ရေမှာရေချိုးရင် ရောဂါပျောက်တယ်ဆိုလို့ နေ့တိုင်းလူတွေစည်ကားနေကြတယ်။ သျှမ်းပြည်ကတိုင်းရင်းသားတွေက တစ်ခုခုဆိုရင်အယုံလွယ်ကြတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် လိုက်ပြီးလုပ်ကြတယ်။

 

ယောကျာ်းတွေရော မိန်းမတွေရော စုပြီးတော့ အများအပြားရေချိုးနေကြတာ မြင်လို့တောင်မကောင်းပါဘူး။ ရေစလောက်တွေမှာ ခေါင်းကြီးထိုးထိုးပြီးရေချိုးကြတာပေါ့။ ဆပ်ပြာတွေခေါင်းလျှော်ရည်တွေတော့ ပေးမသုံးကြဘူး။ ဘာမှတော့မဖြစ်ပေမယ့် ဒီဘက်မှာ စစ်ပွဲဖြစ်ပြီးတာ သိပ်မကြာသေးတဲ့အတွက် မြေမြုပ်မိုင်းတွေရှိနေသေးမှာပဲ စိုးရိမ်တာပါ။” ဟု ကျောက်မဲဒေသခံတစ်ဦးက ဆိုသည်။

 

ကျောက်မဲမြို့နယ် နမ့်မန်းရွာသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပျက်ဖြစ်ခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ယုံကြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကိုသတိထားကြရန် လိုအပ်သည်။