အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွား စစ်ကော်မရှင်တပ်ဖက်က အင်အားဖြည့်တင်းပြီး နှစ်ဖက်တင်းမာမှုများဆက်ရှိနေ

ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွား စစ်ကော်မရှင်တပ်ဖက်က အင်အားဖြည့်တင်းပြီး နှစ်ဖက်တင်းမာမှုများဆက်ရှိနေ

Hsan Loi Editor
11/03/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု အတွင်းရှိ ပုံဝိုးကျေးရွာနဲ့ ကွမ်ဟင် ကျေးရွာအနီးမှာ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP Info က သတင်း ထုတ်ပြန်ထားပါတယ်။
ပုံဝိုးကျေးရွာအနီး SSPP တပ်စခန်းရှိရာနေရာသို့ စစ်ကော်မရှင်ရဲ့ နောင်ချိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၁၁၅)မှ အင်အား ၁၀၀ ဝန်းကျင်ခန့်က ထိုးစစ်ဆင် ဝင်ရောက်လာပြီး စတင်ပစ်ခတ်ရာမှ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ၁ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကော်မရှင်ဘက်မှ ပုံဝိုးကျေးရွာ ၊ ကွမ်ဟင်ကျေးရွာ ၊ တော်လေကျေးရွာနဲ့ လေလွယ် ကျေးရွာတို့မှာ စစ်အင်အားဖြည့်တင်းကာ နှစ်ဘက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေတယ်လို့ သိရပါတယ်။
မနေ့က ကျောက်မဲမြို့နယ်အတွင်းမှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ယနေ့နံနက်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။