သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြိို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြန်ဖြစ်ပြီ

ကျောက်မဲမြိို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြန်ဖြစ်ပြီ

Hsan Loi Editor
25/06/2024
Share:

 

ယနေ့ နံနက် (၅) နာရီဝန်းကျင်ခန့်က စတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းဘုရားအနီး နှင့် ကျောက်မဲ-နောင်ချို ကားလမ်းမကြီး စခန်းသာရွာတောင်ဘက်၌ စစ်ကောင်စီတပ်နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေပြီဖြစ်သည်။

 

“ မနေ့ညကတည်းက (၂) ဖက်လုံးတင်းမာပြီး ချိန်နေကြတာ တိုက်ပွဲဖြစ်မှာစိုးလို့ ပြည်သူတွေတော့ ကြောက်ကြောက်နဲ့အိပ်ရတာပေါ့။ ဒီမနေ့ အစောတော့ လက်နက်ကြီး လက်နက်ငယ်အသံတွေနဲ့ နိုးလာရပြီ။ ကျောက်မဲမနက်ခင်းဈေးလည်း သိမ်းနေကြပြီ။ အသံတွေကတော့ ငြိမ်းချမ်းရေးကုန်းဘက်မှာ ဆက်တိုက်ထွက်နေတယ်။” ကျောက်မဲဒေသံတစ်ဦးကပြောသည်။

 

လက်နက်ကြီး လက်နက်ငယ်အပြင် ဒရုန်းများအသုံးပြုတိုက်ခိုက်နေကြပြီး လက်ရှိသတင်းတင်ဆက်ချိန်အထိ တိုက်ပွဲပြင်းထန်နေသည်။