အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

ကျောက်မဲတွင် စစ်ကောင်စီတပ်က ကျေးရွာသား၄ ဦးကို အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးထား

ကျောက်မဲတွင် စစ်ကောင်စီတပ်က ကျေးရွာသား၄ ဦးကို အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးထား

Hsan Loi Editor
12/03/2026
Share:
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင် စစ်ကောင်စီတပ်ကဒေသခံအမျိုး သား၄ ဦးကို အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။
“ လက်ရှိအဖမ်းခံထားရတာ၄ ဦး ၊ ရှမ်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုရင် ရှမ်းလူမျိုးကို အဓိက ပစ်မှတ်ထားပြီး ဒုက္ခပေးလာတာ ကြာလှပေါ့ ဟိုးဘိုး ဘွားတွေလက်ထက်ကတည်းကပဲ ” ဟုကျောက်မဲ ဒေသခံတစ်ဦးကပြောသည်။
ပုံဝိုးကျေးရွာနှင့် ကွမ်ဟင်ကျေးရွာတွင် မတ်လ (၁၀) ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတပ် ခမရ (၅၀၆) ဦးဆောင်သော ခမရ (၁၁၅) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးထိုနေ့ညနေပိုင်းတွင်စစ်တပ် က ရွာအတွင်းသို့ ဝင်ရောက်လာကာ ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ဖမ်းဆီးခံရသူများမှာ စိုင်းမော့ (၂၂ နှစ်)၊ စိုင်းမိန်းဟန် (၂၅ နှစ်)၊ လုံးထွန်းဟန် (၄၄ နှစ်) နှင့် စိုင်းထွန်း (၂၄ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
” ပုံဝိုးကျေးရွာက ရွာသူရွာ သားအကုန်လုံးကို ပုံဝိုးဘုန်းကြီး ကျောင်းမှာ စုဝေးခိုင်းတယ် အိမ်စီးကားတွေကိုလည်းတစ်ခါတည်း ဘုန်းကြီး ကျောင်းကိုယူလာခိုင်းပြီးရင် သူတို့ကနေအိမ်တွေထဲကိုဝင်မွှေ နှောက်တော့တာပဲ ၊ နောက်တစ်နေ့တော့အိမ်ပြန်ရပြီဆိုပြီး တစ်ချို့တွေပြန်မပါလာတော့ဘူး ” ဟု ၄င်းဒေသခံကဆက်လက်ပြောသည်။
စစ်ကောင်စီတပ်က ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားအချို့ကို ရိုက်နှက်ကာ ကျောကုန်းကို ဓားဖြင့်လှီးပြီး စစ်ကြောရေးများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိအချိန်ထိ ၄င်းဒေသ၌ နှစ်ဘက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြကာ တစ်ချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည် ။
Photo- ပုံဝိုးကျေးရွာ (ဒေသခံ)