သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲတွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဒေသခံများ ပြန်လည်တိမ်းရှောင်နေရ

ကျောက်မဲတွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဒေသခံများ ပြန်လည်တိမ်းရှောင်နေရ

Hsan Loi Editor
28/08/2024
Share:

 

ယမန်နေ့ ဩဂုတ်လ (၂၇)ရက်နေ့ ညသန်းခေါင်ယံခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ ၉ ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်ကျောင်းဝင်းအတွင်းအား စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအနီးရှိ နေအိမ်အချို့ ပျက်စီးခဲ့ရပြီး လူထိခိုက်သေဆုံးခြင်းမရှိကြောင်း သိရသည်။

 

“မနေ့ညက ၁၁ နာရီကျော်ကျော်လောက်မှာ အထက ၂ ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချသွားတာ တစ်မြို့လုံးလန့်နိုးကုန်တယ်။ လူအထိအခိုက်တော့ မရှိဘူး။ ဒီနေ့ မနက်ပိုင်းတော့ ဗဟိုဈေးကို ပုံမှန်အတိုင်းပဲဖွင့်ပြီး လူတွေတော့ ပုံမှန်အတိုင်း ဈေးဝယ်ထွက်လာကြပါတယ်။”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောပြသည်။

 

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုပြုလုပ်ပြီးနောက် ဒေသခံအချို့ ထိတ်လန့်ပြီး ပြန်လည်ထွက်ပြေးတိမ်းရှောင်နေကြသည်။ ကျောက်မဲမြို့ခံများသည် နောင်ပိန်ကျေးရွာဘက်ကို ယာယီတိမ်းရှောင်နေကြသည်။ ကျောက်မဲမြို့အား TNLA အဖွဲ့က သိမ်းပိုက်ထားခြင်းဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရန် ကြိုးစားနေကြောင်း သိရသည်။