ရပ်စောက်မြို့ ကျောက်ဂူတိုက်နယ်မှ နောင်ချိုဘက်သို့ ဦးတည်မောင်းနှင်သွားလျှင် (မြစ်ငယ်မြစ်) ဒုဌဝတီမြစ်တံတား မဖြတ်သန်းမီ သာစည်ရွာလမ်းခွဲရှိ SSPP စစ်ဆေးရေးဂိတ်ဖြစ်သည်။
ယင်းတို့နှင့် သိပ်မဝေးသော ဒုဌဝတီတံတားတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိသည်။
SSPP ဂိတ်၌ တပ်သား များများစားစား မတွေ့ရသော်လည်း စစ်ကောင်စီနှင့် အဆင်မပြေပါက ဂိတ်ချနိုင်လိမ့်မည်မဟုတ်ကြောင်း ခရီးသွားမိဘပြည်သူအချို့က မှတ်ချက်ပြုပါသည်။
တခါတရံ UWSA စစ်သည်များလည်း SSPP နှင့် အတူ တွေ့ရကြောင်း ပြောသူများရှိသည်။

Photos: CJ