ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်က နေ့စဥ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်က နေ့စဥ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

Hsan Loi Editor
13/01/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့မှာ စစ်ကောင်စီတပ်က နေ့စဥ်နဲ့ အမျှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူများအနေနဲ့လည်း ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ(၉)ရက်နေ့ ညနေပိုင်းကစပြီး ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းကပါ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရပ်စောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တစ်ဦးထံမှ သိရပါတယ်။

 

“ အခုထိလည်း အခြေအနေက မကောင်းသေးဘူးဗျ၊ ရွာကလူတွေ တော်တော်များများ ဘေးလွတ်ရာကို စစ်ရှောင်သွားကြတယ်၊ စကစဘက်ကတော့ နေ့တိုင်း လေယာဥ်နဲ့ ဗုံးလာကြဲနေတယ်၊ အားလုံးဘေးကင်းကြပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်ဗျာ” လို့ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ ကြားသိရပေမယ့် Hsan Loi Voice အနေနဲ့ သီးခြားအတည် မပြုနိုင်ပါဘူး။ အဲ့ဒီဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။