ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်ဂူဒေသတွင် DPLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဓာတုဗုံးအသုံးပြုတိုက်ခိုက်

ကျောက်ဂူဒေသတွင် DPLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဓာတုဗုံးအသုံးပြုတိုက်ခိုက်

Hsan Loi Editor
09/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့သည့် ပြီးခဲ့သည့်နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်ကာ နေ့တိုင်းနီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ဒရုန်းဖြင့် ဓာတုဗုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း DPLA မှ ထံမှသိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဓာတုဗုံးချ တိုက်ခိုက်ခဲ့မှုကြောင့် DPLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိ ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံတကာမှ စစ်ပွဲအတွင်း အသုံးပြုရန် တားမြစ်ထားတဲ့ အဆိပ်ငွေ့ ဓါတုဗုံးများကို စစ်ကောင်စီ မှ အသုံးပြုတိုက်ခိုက်ခြင်းသည် သတ်မှတ်ထားသည့် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လတွင်းက နောင်ချို အမြောက်တပ်(၆၀၆) တိုက်ပွဲအတွင်း စစ်ကောင်စီမှ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် ပလောင်တပ် TNLA တပ်ဖွဲ့ဝင်(၈)ဦး အသက်ရှုမြန်ခြင်း မအီမသာဖြစ်ခြင်း ဝေဒနာများ ခံစားရကြောင်း သိရသည်။

 

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ကျောက်ဂူဒေသရှိ စစ်ကောင်စီ နယ်မြေခံတပ် များဖြစ်သည့် ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉)၊ နောင်ဝိုးတပ်(ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။