သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် (၃) တွင် စက်တင်ဘာလ (၉) ရက်နေ့ မွန်းတည့် (၁၂း၃၀) အချိန်တွင် မော်တော်ဆိုင်ကယ် (၃) စီးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တားဆီးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ငွေကျပ်တန်ဖိုးသိန်း (၁၂၀၀) ရှိသော စိတ်ကြွမူးယစ်ဆေးပြား (၃) သိန်းပြားအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူများဖြစ်သည့် ကာဗေလှ၊ ကျာဟော်နှင့်ကျထောအပြင် လိုက်ပါစီးနင်းသူဖြစ်သော ကျာဂတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။