သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ပန်လီရွာတွင် မိခင်ဖြစ်သူအား သားအရင်းဖြစ်သူမှ ထွန်ခြစ်ဖြင့် ရိုက်သတ်မှုဖြစ်ပွား

ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ပန်လီရွာတွင် မိခင်ဖြစ်သူအား သားအရင်းဖြစ်သူမှ ထွန်ခြစ်ဖြင့် ရိုက်သတ်မှုဖြစ်ပွား

Hsan Loi Editor
13/06/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ပန်လီကျေးရွာ၌ သားအမိချင်းစကားများရာမှ သားအရင်းဖြစ်သူမှ မိခင်ဖြစ်သူအား သံထွန်ခြစ်ဖြင့် ရိုက်သတ်မှုကို ဇွန်လ (၁၂) ရက်နေ့ ည (၉း၀၀) နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်တွင် မိခင်ဖြစ် ဒေါ်နားလော (၆၃) နှစ်သည် ၎င်း၏ သားဖြစ်သူ အားမို (၂၈) နှစ်အား အလုပ်မလုပ်ဘဲ တစ်နေကုန်အိပ်နေခြင်းကြောင့် အလုပ်ထလုပ်ရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး သားဖြစ်သူမှ အနီးရှိ သံထွန်ခြစ်ကို ကောက်ယူပြီး မိခင်ဖြစ်သူဦးခေါင်းအား နှစ်ချက်ဆင့်ရိုက်ခဲ့သည်။ ဦးခေါင်းနောက်စေ့ကို သံထွန်ခြစ်ဖြင့် ရိုက်နှက်ခံရသော မိခင်ဖြစ်သူသည် အဆိုပါနေရာတွင် လဲကျသေဆုံးခဲ့သည်။

“ကျနော်တို့ တိုင်းနေနာရေးကူညီမှုအသင်းကို လူသတ်မှုကျူးလွန်တဲ့ သားဖြစ်သူကိုယ်တိုင်ဖုန်းဆက်ပြီး အကူအညီတောင်းလာလို့ အလောင်းကို သွားသယ်ပေးခဲ့ရတယ်။ သွေးပူနေတဲ့အချိန်မှာ လုပ်မိပြီး နောင်တရတော့မှ ကျနော်တို့ဆီကို ဖုန်းဆက်ပြောလာတဲ့ပုံပါပဲ။ ကျနော်တို့ရောက်တဲ့အချိန် အမေဖြစ်တဲ့သူက သေနေပြီလေ။ ခေါင်းနောက်စေ့မှာ ပေါက်ပြဲဒဏ်ရာနဲ့ သေနေတဲ့ မိခင်ဖြစ်သူအလောင်းကို သယ်ပြီး ကျိုင်းတုံမြို့ ဆေးရုံကို ပို့ပေးခဲ့တယ်။ လူသတ်မှုကျူးလွန်တဲ့ သူ့သားကိုတော့ ရဲတွေတစ်ခါတည်းဖမ်းသွားတယ်။”ဟု တိုင်းနေ နာရေးကူညီမှုအသင်းက ပြောပြသည်။

မိခင်အရင်းဖြစ်သူကို သတ်ခဲ့သော အသက် (၂၈) အရွယ် အားမိုကို ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။