သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျပ် ၂ သောင်းတန်ထုတ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် အိမ်စီး ကားဈေးများ ခုန်တက် 

ကျပ် ၂ သောင်းတန်ထုတ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် အိမ်စီး ကားဈေးများ ခုန်တက် 

Hsan Loi Editor
25/07/2023
Share:

 

ယနေ့ ကားအရောင်းအဝယ် ဂရုအုပ်စုများတွင် ငွေကြေးဖောင်းပွမှုဂယက်ကြောင့် ဆီစားနည်းသော အိမ်စီးကားဈေးများ မြင့်တက်လာနေသည်ကို တွေ့မြင်ရပါသည်။

 

Honda fit/Civic/Insight 1.3 CC နှင့် 1.5 CC အိမ်စီးကား အမျိုးအစားများထဲမှ ၂၀၀၈ ခုနှစ်ကား ဈေးနှုန်းများသည် သိန်း ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ထိ ပေါက်ရောက်နေပြီး ၂၀၁၃-၂၀၁၄ ခုနှစ်ထုတ် GP1/GK3/4 အမျိုးအစားများ သိန်း ၉၀၀ ကျော်ထိ မြင့်တက်လာသည်ကို တွေ့ရသည်။

 

Suzuki ciaz၊ Suzuki Swift နှင့် Suzuki Ertiga ကားသစ်များသည် ယခင်က သိန်း ၄၀၀ ဝန်းကျင်မှ ယခု သိန်း ၈၀၀-950 ကျော်ထိ (မော်ဒယ်အလိုက်) မြင့်တက်လာပါသည်။

 

၎င်းကားများနှင့် သိပ်မသိမ်းမယိမ်းဖြစ်သည့် Nissan Note၊ Mazada demio၊ Toyota fielder၊ Passo များလည်း ဈေးသိပ်မကွာပါ။

 

Probox၊ AD Van၊ Nissan windroad တို့သည်လည်း အကြမ်းခံပြီး ဆီစားသက်သာသဖြင့် မြန်မာပြည်၌ မိသားစုစီးနှင့် အဝေးပြေးခိုင်းသော လူကြိုက်များသည့် ကားအမျိုးအစားတမျိုးဖြစ်ပြီး သိန်း ၅၀၀ ဝန်းကျင်ထိ ရောက်ရှိနေသည်ကို တွေ့ရပါသည်။