တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျင်းပပြီးစီးသွားတဲ့ စစ်ကော်ရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဖိအားပေး ခြိမ်းခြောက်မှုတွေရှိနေ

ကျင်းပပြီးစီးသွားတဲ့ စစ်ကော်ရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဖိအားပေး ခြိမ်းခြောက်မှုတွေရှိနေ

Hsan Loi Editor
29/12/2025
Share:
စစ်တပ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)မှာ စစ်တပ်ကိုထောက်ခံတဲ့ လူများက မဲရုံသို့လာပြီး မဲပေးကြတဲ့သူတွေရှိသလို တစ်ဖက်မှာလည်း စစ်တပ်လက် အောက်ခံ လူတစ်စုရဲ့ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေကြောင့် မဲရုံသို့ လာရောက် မဲပေးကြသူများလည်း ရှိတယ်လို့ သိရပါတယ်။
No photo description available.
အခုရွေးကောက်ပွဲဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလောက် လူထုစိတ်ဝင်စားမှု မရှိသလောက်နည်းပါးပြီး မဲရုံသို့ လာရောက် မဲပေးကြသူများဟာလည်း စစ်တပ်ထောက်ခံတဲ့ လူအုပ်စုနဲ့ ဖိအားပေးခံရတဲ့ လူအုပ်စုများကလွှဲရင် မရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။
May be an image of one or more people and hospital
ရန်ကုန်၊ မန္တလေးနဲ့ ချင်းပြည်နယ် အပါအဝင် စစ်တပ်က ၎င်းတို့ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲမပေးလျှင် စစ်မှုထမ်းခေါ်ခြင်း၊ ဒဏ်ငွေရိုက်ခြင်း၊ပေါ်တာဆွဲခြင်းများ ပြုလုပ်သွားမယ်လို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ဒါ့အပြင်သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာလည်း စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်ဒေသခံတွေဆီ မဲလက်မှတ်စာရွက် အိမ်တိုင်ရာရောက် ပေးဝေခဲ့ကာ မဲသွားထည့်ရန် လိုက်လံလှုံ့ဆော်မှုလည်းရှိတယ်လို့ စုံစမ်းသိရပါတယ်။
” မဲရုံံမှာ မဲသွားထည့်ကြတဲ့သူတွေ နည်းတယ်၊ စစ်တပ်က မဲမထည့် မနေရဆိုတဲ့ ဖိအားပေးမှုကြောင့်သာ သွားခဲ့ရတယ်လို့ ” ကိုယ်တိုင်ကြုံတွေ့သူက ပြောပါတယ်။
မြန်မာနိုင်ငံ စုစုပေါင်း ၃၃၀ မြို့နယ်ရှိတဲ့အထဲ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်ဟာ ၁၃၁ မြို့နယ်သာရှိပြီး ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြိုနယ်ပေါင်း ၆၅ မြို့နယ်ရှိတယ်လို့ စစ်‌ေကာ်မရှင်က ကြေညာထားပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပကာ အပိုင်း(၁)ကို ယမန်နေ့က ၁၀၂ မြို့နယ်မှာ ကျင်းပပြီးစီးခဲ့ပြီး အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ၁၀၀ မြို့နယ်၊ အပိုင်း(၃)ကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။