သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကော့ကရိတ်မြို့နယ် စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၂၁)ဦး ဖမ်းဆည်းရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ကော့ကရိတ်မြို့နယ် စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၂၁)ဦး ဖမ်းဆည်းရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

Hsan Loi Editor
23/06/2024
Share:

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အခြေစိုက် စစ်စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီး ဝဏ္ဏတိုး အပါအဝင် (၂၁)ဦး ဖမ်းဆီးရမိပြီး ၆၀ မမ (ပြောင်းရှည်)၊ ပြောင်းတို၊ RPG -7 ၊ MA-1 ၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း၊ ခ္ငင်းဗုံး၊ မိုင်းရှင်းစက် စသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါသည်။

 

အဆိုပါ စုကလိတပ်စခန်းကို ဇွန်လ(၁၇)ရက် မနက်ပိုင်းအချိန်တွင် KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ကာ ဇွန်လ(၂၁)ရက်တွင် တပ်စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

 

တပ်စခန်းကိုတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ (၁၄)ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

 

ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါ (၂၁) ဦး ဖမ်းဆီးရမိခဲ့ပြီး KNLA နှင့် ပူးပေါင်းတပ်ဘက်မှလည်း ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်မှာ ဖော်ပြကြောင်း သိရှိရပါသည်။