နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် လက်နက်ချအညံ့ခံ၊ အရာရှိနဲ့စစ်သည်အချို့ ထိုင်းဘက်သို့ ထွက်ပြေး

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် လက်နက်ချအညံ့ခံ၊ အရာရှိနဲ့စစ်သည်အချို့ ထိုင်းဘက်သို့ ထွက်ပြေး

Hsan Loi Editor
24/05/2025
Share:

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် လက်နက်ချ အညံ့ခံခဲ့ကြကာ အရာရှိနဲ့စစ်သည်အချို့ စခန်းစွန့်ခွာပြီး ထိုင်းဘက်ခြမ်းသို့ထွက်ပြေးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို ယမန်နေ့ မေလ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

စခန်းစွန့်ခွာပြီး လက်နက်နဲ့ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီအရာရှိနဲ့ စစ်သည် ၆၂ ဦးကို ထိုင်းစစ်တပ်တာဝန်ရှိသူတွေက လက်နက်ဖြုတ်သိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဘလယ်ဒိုစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ကျဆုံးမှု များသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိပြီး လက်နက်အရေအတွက်ကိုတော့ KNU က ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

 

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့များက တစ်ကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် ပြန်လည်လက်လွတ်ခဲ့ရကာ ယခု ဒုတိယအကြိမ် ပြန်လည် သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

ယခုတွင် စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း၊ ကနဲလေးစခန်း၊ ဝေါ်လေတပ်စခန်း၊ ထီကပလယ်စခန်း၊ ဥကရစ်ထစခန်းတို့ကို KNLA ပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။